top of page
Search

မြန်မာနိုင်ငံတွင်အမှန်တကယ်တရားဥပဒေစိုးမိုးရေး – ပြည်သူ့ကဏ္ဍစွမ်းဆောင်ရည်

  • contact123185
  • Jun 17, 2020
  • 3 min read

Updated: May 24, 2024

တရားဥပဒေစိုးမိုးမှုနဲ့ အစပြုလို့ မှန်ကန်တဲ့ ပြဌာန်းမှုတွေ ပြုလုပ်သွားမယ်ဆိုရင် မြန်မာနိုင်ငံဟာ အလျင်အမြန် ဖွံ့ဖြိုးတိုးတက်လာပါလိမ့်မယ်။

– ဒေါ်အောင်ဆန်းစုကြည်

မြန်မာနိုင်ငံကို ကျွန်တော်ရောက်လာပြီးနောက်ပိုင်း သီအိုရီတစ်ခုကို စဥ်းစားမိတယ်။ အဲဒီသီအိုရီက ဘာလဲဆိုတော့ နိုင်ငံတစ်နိုင်ငံရဲ့ ‘တရားဥပဒေစိုးမိုးမှု’ ကို အကောင်အထည်ဖော်နိုင်တဲ့ အတိုင်းအတာဟာ များသောအားဖြင့် အဲဒီနိုင်ငံရဲ့ နိုင်ငံရေးသမားတွေနဲ့ အထိန်းအကွပ်အဖွဲ့အစည်းတွေက ‘တရားဥပဒေစိုးမိုးမှု’ ကို ပြောဆိုသုံးစွဲတဲ့ အကြိမ်အရေအတွက်နဲ့ ပြောင်းပြန် အချိုးကျနေ ပါတယ်။ မြန်မာနိုင်ငံမှာ ဒီစကားလုံးကို မကြာခဏသုံးစွဲတာ ကြားရပါတယ် (အကောင်အထည်ဖော်တာကိုတော့ တွေ့ရခဲပါတယ်။)


ဒါနဲ့ ‘တရားဥပဒေစိုးမိုးမှု’ ဆိုတာ ဘာလဲ။ ဥရောပသမဂ္ဂကတော့ အခုလို အဓိပ္ပါယ်ဖွင့်ဆိုပါတယ် –

နိုင်ငံတော် နှင့် အစိုးရအပါအဝင် ဥပဒေပြုသူများ၊ တိုင်းသူပြည်သားများ၊ အဖွဲ့အစည်းများ၊ ပုဂ္ဂလိက နှင့် အများပြည်သူတို့ လိုက်နာကျင့်သုံးကြသည့် ဥပဒေများသည် တိုင်းသိပြည်သိထုတ်ပြန်ထား သည့်အပြင် တန်းတူညီမျှ အာဏာသက်ရောက်မှုရှိကာ အချုပ်အနှောင်ကင်းမဲ့စွာဖြင့်လည်း ဆုံးဖြတ်ထားခြင်းဖြစ်ကြောင်း တို့ ကို အုပ်ချုပ်သည့်နည်းစနစ် …

လွယ်ကူရိုးရှင်းစွာပြောရရင်တော့ ‘တရားဥပဒေစိုးမိုးမှု’ ဆိုတာ ဥပဒေပြုတဲ့သူတွေနဲ့ ဥပဒေကို အကောင်အထည်ဖော်တဲ့သူတွေ အပါအဝင် လူတိုင်းနှင့် သက်ဆိုင်ပြီး လူတိုင်း လိုက်နာရမယ့် နည်းစနစ်တစ်ရပ် သို့မဟုတ် စည်းမျဥ်းတွေပဲဖြစ်တယ်။


ဥပဒေကို လိုက်နာရန်ပျက်ကွက်ခြင်းနဲ့ ပတ်သက်လို့ ကျင့်သုံးလာတာကြာပြီဖြစ်ပြီး လူသိများတဲ့ နောက်ထပ်စည်းမျဥ်းတစ်ခုလည်းရှိပါသေးတယ်။ အဲဒါက ဘာလဲဆိုတော့ “ဥပဒေကို မသိနားမလည်ခြင်းကို ခွင့်လွှတ်နိုင်စရာမရှိ” ဆိုတဲ့ ရှေးခေတ်ဂရိရောမလူမျိုးတို့ရဲ့ အယူအဆဖြစ်ပါတယ်။ ဥပဒေချိုးဖောက်သူတွေ က သူတို့ရဲ့ လုပ်ရပ်ဟာ ဥပဒေနဲ့ ငြိစွန်းကြောင်း မသိလို့ လုပ်မိတာပါဆိုပြီး ပြောလာခဲ့ရင် ဥပဒေကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်မှာ မဟုတ်ကြောင်းကို ဆိုလိုတာဖြစ်ပါတယ်။ သိရှိသည်ဖြစ်စေ၊ မသိရှိသည်ဖြစ်စေ လူတိုင်းဟာ ဥပဒေကို လိုက်နာရမှာ ဖြစ်တယ်။ ဒါပေမယ့် ဒီလို လိုက်နာနိုင်ဖို့ ဆိုတာကလည်း အများပြည်သူက ဒီဥပဒေတွေကို အလွယ်တကူ ရှာဖွေဖတ်ရှုပြီး နားလည်သဘောပေါက်ဖို့ လိုအပ်ပါတယ်။လူတစ်ယောက်က တက်တက်ကြွကြွ ကြိုးစားအားထုတ်ပြီး ရှာဖွေဖတ်ရှုပါလျှက်နဲ့ အဲဒီ ဥပဒေကို နားလည်သဘောပေါက်ဖို့ ခက်ခဲမယ်ဆိုရင် မသိနားမလည်လို့ ချိုးဖောက်မိတာကို အပြစ် သွားတင်လို့ မရပါဘူး။ဥပဒေကို လိုက်နာဖို့ လိုအပ်တဲ့ သာမန်ပြည်သူများ သာမက တရားဥပဒေကို ထိရောက် မှုရှိစေချင်တယ်ဆိုရင် ဥပဒေကို ပြဌာန်းပြီး ဥပဒေကို ကျင့်သုံးခိုင်းဖို့ တာဝန်ယူထားတဲ့ ဥပဒေကို အကောင်အထည် ဖော်တဲ့သူတွေကိုယ်တိုင် ဥပဒေကို သိရှိပြီး အဲဒီဥပဒေ ကျင့်သုံးပုံကိုလည်း အတိုင်းအတာ တစ်ခုအထိ နားလည်နိုင်ကြရပါလိမ့် မယ်။ ဒီလိုမှ မဟုတ်ရင် တရားဥပဒေစိုးမိုးနိုင်ဖို့ အဓိပ္ပါယ်ရှိတဲ့ ဥပဒေစနစ် ဘယ်လိုရှိလာနိုင်ပါ့မလဲ။


များမကြာမီကပင် မြန်မာနိုင်ငံမှာ အရပ်ဖက်လူ့အဖွဲ့အစည်းနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍဖက်မှ အဖွဲ့ အစည်းများက တရားဥပဒေစိုးမိုးရေးနဲ့ ပတ်သက်တဲ့ အယူအဆတွေကို နားလည်ဖို့နဲ့ အကောင် အထည် ဖော်ခြင်းကို မြှင့်တင်ခြင်းနဲ့ ပတ်သက်လို့ စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြပါတယ်။ ဒါပေမယ့် ဒီအစီအစဉ် တွေမှာ ဥပဒေစနစ်နဲ့ ‘တရားမျှတရေး’ စနစ်ဟာ ရောထွေး နေပြီး ရာဇဝတ်မှုအတွက် အရေးယူ ဆောင်ရွက်ခြင်းနဲ့ ပတ်သက်တဲ့ တရားဥပဒေစိုးမိုးရေးကိုသာ အဓိကအလေးပေး ထားကြ ပါတယ်။ တရားဥပဒေစိုးမိုးရေးဟာ ပုဂ္ဂိုလ်ရေးလွတ်လပ်ခွင့်ကို ခြိမ်းခြောက်နေတဲ့ ရာဇဝတ်မှုတွေနဲ့ အဓိက သက်ဆိုင်တာကို မငြင်းနိုင်ပေမယ့် ကံကောင်းထောက်မစွာနဲ့ပဲ လူအများစုက များသောအား ဖြင့် ကြီးလေးတဲ့ရာဇဝတ်မှုကျူးလွန်ကြောင်း စွပ်စွဲခံရခြင်း ဒါမှမဟုတ် ဖမ်းဆီးခံရခြင်းတို့ကို ခံရလေ့မရှိပါဘူး။ များသောအားဖြင့် ဥပဒေနဲ့ တုံ့ပြန်တဲ့ စီးပွားရေးနယ်ပယ်ဟာ ရာဇဝတ်မှုတွေနဲ့ ယှဉ်ရင် အထွေထွေ စည်းကမ်း ထိန်းသိမ်းခြင်းနဲ့ပတ်သက်တဲ့ ကဏ္ဍတွေမှာပဲကျယ်ကျယ် ပြန့်ပြန့် ဖြစ်နေတာကိုတွေ့နေရပါတယ်။


ကျွန်တော်တို့ အများစုဟာ စည်းကမ်းထိန်းသိမ်း လိုက်နာမှုဆိုင်ရာကဏ္ဍနှင့်/သို့မဟုတ် စီးပွားရေး လုပ်ငန်းနယ်ပယ်မှာ နေ့စဉ် ထိတွေ့ကျင်လည်နေကြပါတယ်။ ဒါကြောင့် တရားဥပဒေစိုးမိုးရေးမှာ ချို့ယွင်းချက်ဖြစ်နေတာဟာ ဒီနယ်ပယ်တွေကို အများကြီး ထိခိုက်စေပါတယ်။ တရားဥပဒေစိုးမိုးရေးရဲ့ ချို့ယွင်းချက်တွေနဲ့ လုပ်ငန်းသစ်၊ အစီအ စဉ် နှင့် ဘယ်ရင်းနှီးမြှုပ်နှံမှုအမျိုးအစားကိုမဆို ကန့်သတ်ထားတဲ့ ဆက်စပ်အကျိုးဆက် တွေဟာလည်း စည်းကမ်းထိန်းသိမ်း လိုက်နာမှုဆိုင်ရာကဏ္ဍနှင့်/သို့မဟုတ် စီးပွားရေး လုပ်ငန်းနယ်ပယ်မှာပဲ တွေ့ရပြီး မြန်မာနိုင်ငံရဲ့ လူမှုရေးနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတား ဖြစ်စေပါတယ်။ အသစ် ဒါမှမဟုတ် ပိုမိုကောင်းမွန်အောင် ပြုလုပ်ဖို့ ရှင်းလင်းတိကျတဲ့ ဥပဒေမူဘောင် အောက်မှာ လက်ခံနိုင်လောက်တဲ့ နည်းလမ်းသတ်မှတ် ထားတာကိုမတွေ့ဘူးဆို ရင် ရှင်းရှင်းလင်းလင်း ပြုလုပ်ဖို့ ခဲယဥ်းပါတယ်။


သာမန်ပြည်သူများအပြင် ကျွန်တော်နဲ့ တခြားဥပဒေအကြံပေးများပါ လုပ်ကိုင်ဆောင်ရွက်ရာမှာ ဒီပြဿနာကို နေ့စဥ်ကြုံတွေ့ရပါတယ်။ ပြောရမယ်ဆိုရင် ဥပဒေနဲ့ စည်းမျဥ်းစည်းကမ်းတို့ ရဲ့ အရည်အသွေးနဲ့ ဖော်ပြချက် တွေကို စပြောရပါလိမ့်မယ်။စိတ်မကောင်းစရာက မြန်မာနိုင်ငံရဲ့ ဥပဒေနယ်ပယ်မှာ အတွေ့အကြုံရှိပြီး ကျွမ်းကျင်သည့်တိုင်အောင် များသောအားဖြင့် ဥပဒေများ ကို ရေးဆွဲထားပုံ ညံ့ဖျင်းပြီး ဝေဝေဝါးဝါးနဲ့ ရှင်းလင်းတိကျမှုမရှိ၊ဘာကိုဆိုလိုပြီး ဘယ်လိုလိုက်နာကျင့်သုံးရမှန်း မသိလောက်အောင် အချက် အလက် ပြည့်စုံမှုမရှိပါဘူး။ ဥပဒေကို လိုက်နာခြင်းနှင့် တရားဥပဒေစိုးမိုး မှုတို့၏ အခြေခံစည်းမျဥ်းဟာ ဥပဒေကို သိနားလည်ဖို့ဆိုရင် မြန်မာနိုင်ငံမှာ အဲဒါကို လိုက်လုပ်ဖို့ ခဲယဥ်းပါလိမ့်မယ်။


နောက်ထပ်ကျွန်တော်တို့ လုပ်ရမှာကတော့ သက်ဆိုင်ရာဥပဒေကို အကောင်အထည်ဖော်ဖို့ တာဝန်ရှိတဲ့ အစိုးရအေဂျင်စီ သို့မဟုတ် အခြားစည်းကမ်းထိန်းသိမ်းရေး အဖွဲ့ကို ဆက်သွယ်ဖို့ပါပဲ။ ဒါပေမယ့် မြန်မာနိုင်ငံမှာတော့ များသောအားဖြင့် ဥပဒေရဲ့ ဟာကွက်တွေကို သက်ဆိုင်ရာ အထိန်းအကွပ် အဖွဲ့အစည်းတွေက ချမှတ်တဲ့ မူဝါဒ၊ကျင့်သုံးပုံတွေနဲ့ ဖြည့်စွက်လို့ရတယ်ဆိုတဲ့ အတွေးနဲ့ အသားကျနေ ကြပါတယ်။ အစိုးရကိုယ်တိုင် ဥပဒေကို မှန် မှန် ကန် ကန် ကျင့်သုံး ဖို့ ဘာ တွေဘယ် လို တိတိကျကျ လုပ်ရမယ်ကို သတ်မှတ်ထားတဲ့ ပြည့်စုံခိုင်မာတဲ့ စီမံအုပ်ချုပ်မှုဥပဒေ (Administrative Law) မရှိတဲ့အတွက် ဒါဟာ တရားဥပဒေစိုးမိုးမှု မရှိခြင်းရဲ့ နောက်ထပ် လက္ခဏာတစ်ခုပါပဲ။ ဒါကြောင့် အထိန်းအကွပ် အဖွဲ့အစည်းတွေက ချမှတ်ကျင့်သုံးတဲ့ မူဝါဒနဲ့ ကျင့်သုံးပုံတွေဟာ ဥပဒေ လို အကျိုးသက်ရောက်မှုမျိုး ပုံစံ ဖြစ်နေပါတယ်။ ကျွန်တော်တို့က အထိန်းအကွပ်အဖွဲ့အစည်းတွေကို ဆက်သွယ်မေးမြန်းခဲ့ရင်တောင် ရှင်းလင်းတိကျတဲ့အဖြေမျိုး မရတတ်ပါဘူး။ အဖြေအမျိုးမျိုး ပြောင်းလဲနေတတ်ပြီး ဖြစ်လေ့ရှိတဲ့ ပြဿနာတစ်ရပ်ကတော့ အကြောင်းအရာ ဒါမှမဟုတ် နယ်ပယ်တစ်ခုနဲ့ ပတ်သက်တဲ့ သက်ဆိုင်ရာ မူဝါဒ ဒါမှမဟုတ် ကျင့်သုံးပုံတွေအကြောင်း ကျွန်တော်တို့ မေးခွန်းမေးကြည့်တဲ့အခါ မေးမြန်း ခံ ထိတဲ့ ပြည်သူ့ဝန်ထမ်းက အဖြေသိလိုတဲ့ ကုမ္ပဏီနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်များကို အရင် ပြောခိုင်း သို့မဟုတ် ပေး ခိုင်းပြီး မှသာ အဆိုပါကုမ္ပဏီရဲ့ အခြေအနေနဲ့ သက်ဆိုင်တဲ့ မူဝါဒ ဒါမှမဟုတ် ကျင့်သုံးပုံကို ပြောပြပါတယ်။ ဒီလိုဖြေကြားချက်မျိုး ရလိုက်တဲ့အခါတိုင်း ဒါဟာ တရားဥပဒေစိုးမိုးမှု အားနည်းခြင်း ဒါမှမဟုတ် ပျက်ကွက်ခြင်းကို ပြနေပါတယ်။ သက်ဆိုင်ရာဥပဒေဟာ ကုမ္ပဏီပေါ် ရွေးပြီးပြောင်းလဲနေမယ်၊ ဘယ်ကုမ္ပဏီလဲ သိတော့မှသာ ထုတ်ဖော်အသိပေးမယ်ဆို ဒါဟာ တရားဥပဒေစိုးမိုးမှု မှာ လိုအပ်တဲ့ အများပြည်သူ သိသင့်သိထိုက်သော အချက်အလက် ကို ပွင့်လင်း စွာ ပေးခြင်းမဟုတ်ဘူး၊ တန်းတူညီမျှ ပြဌာန်းခြင်း လည်း မဟုတ်ဘူး။


သက်ဆိုင်ရာစည်းမျဥ်းလိုအပ်ချက်ကို သိရဖို့အတွက် ကျွန်တော်တို့ ဘယ်ကုမ္ပဏီကို ကိုယ်စားပြုလည်း ပြောခိုင်းတာဟာ သက်ဆိုင်ရာပြည်သူ့ဝန်ထမ်းရဲ့ တာဝန်ယူသော အသိနဲ့ စွမ်းဆောင်ရည်အတိုင်းအတာကို ဖော်ပြ တယ်ဆိုတာ ကျွန်တော်တို့ နားလည်ပါတယ်။ များသောအားဖြင့် ပြည်သူ့ဝန်ထမ်းတွေဟာ မတူတဲ့ ကုမ္ပဏီအမျိုးမျိုးကို စည်းမျဥ်းအမျိုးမျိုးနဲ့ တမင်ရည်ရွယ်ပြီး ချမှတ်တာမဟုတ်ဘဲ အဖြေမသိလို့သာ မေးခွန်းကိုရှောင်လွှဲတာ ဒါမှမဟုတ် အဖြေရှာဖို့အတွက် သတင်းအချက်အလက်ထပ်မံတောင်းခံတာမျိုး ပြုလုပ်တတ်ကြပါတယ်။ဒါပေမယ့် ရလဒ်ကတော့ အတူတူပါပဲ။တသမတ်တည်း နည်းလမ်းရှိဖို့ မလိုအပ် ဘူးဆိုတဲ့ အထင်နဲ့ ပြည်သူ့ဝန်ထမ်းက စည်းမျဥ်း ဒါမှမဟုတ် မူဝါဒကို ပုံစံအမျိုးမျိုးနဲ့ ကျင့်သုံးသည်ဖြစ်စေ၊ စည်းမျဥ်း ဒါမှမဟုတ် မူဝါဒကို မသိလို့ ဒါမှမဟုတ် ဘယ်လိုလိုက်နာရမယ် ဆိုတာမသိလို့မေးခွန်းကို ရှောင်လွှဲတာမျိုး၊သတင်း အချက်အလက် ထပ်မံတောင်းခံတာမျိုးလုပ်သည်ဖြစ်စေ ကျွန်တော်တို့အတွက်တော့ တသမတ်တည်းစည်းမျဥ်းတစ်ခုကို မရတာကတော့ အတူတူပါပဲ။ ဒီအတွက်ကြောင့် ဥပဒေကို ရှင်းလင်းစွာ မဖော်ထုတ်နိုင်သရွေ့၊ အဖြေရခဲ့ရင်လည်း အခြေအနေတူညီတဲ့ ကုမ္ပဏီတွေအတွက် ကွဲပြားတဲ့ အဖြေဖြစ်နေ သရွေ့ တရားဥပဒေစိုးမိုးရေးကို ရနိုင်မှာ မဟုတ်ပါဘူး။ ဥပဒေက နားလည်ရလွယ်ကူအောင် ရှင်းလင်းမှုမရှိဘူးဆိုရင်၊ ပြည်သူ့ဝန်ထမ်းများက ဥပဒေအကြောင်း မသိဘူးဆိုရင်၊ ပြည်သူ့ဝန်ထမ်းက ဥပဒေကို နားလည်သိရှိခြင်းရဲ့ အရေးပါပုံတွေကို မသိရှိဘူးဆိုရင် တရားဥပဒေစိုးမိုးမှုရှိဖို့ မဖြစ်နိုင်ပါဘူး။ ကျွန်တော့အမြင်မှာတော့ မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးမှု အမှန်တကယ်ရှိဖို့ စည်းမျဥ်းမူဘောင်များကို တပြေးညီ ရေးဆွဲခြင်း၊အကောင်အထည်ဖော်ခြင်းနဲ့ အကျိုးသက်ရောက်မှုရှိစေခြင်း စသည့် အခြေခံ အုတ်မြစ်များ ကဏ္ဍတိုင်းမှာရှိဖို့ လိုအပ်ပါတယ်။ အရေးပါတဲ့ အခြား ကိစ္စရပ် တွေလိုပဲ ဒီပြဿနာ ကိုလည်း အလွယ်တကူဖြေရှင်းနိုင်မယ့် နည်းလမ်းတော့ မရှိသေးပါဘူး။ဒါပေမယ့် အောက်ပါ အချက်တွေကို ဦးတည် ပြီးတော့ တရားဥပဒေစိုးမိုးရေးကို မြှင့်တင်ပေးနိုင်မယ့် ဖွံ့ဖြိုးရေးကဏ္ဍအထောက်အပံ့တွေ ပိုမိုရရှိလာဖို့ မျှော်မှန်းပါတယ်။

  1. လက်တွေ့မှာ တသမတ်တည်း ကျင့်သုံးနိုင်မယ့် ရှင်းလင်းတိကျ ပြည့်စုံ ပြီး နားလည်ရလွယ်ကူတဲ့ ဥပဒေတွေ ရှိလာနိုင်ဖို့အတွက် ဥပေဒစည်းမျဥ်းရေးဆွဲခြင်းနဲ့ သက်ဆိုင်တဲ့ စွမ်းရည်ကို သင်ကြားပေးခြင်း၊

  2. စည်းမျဉ်းစည်းကမ်းထိန်းသိမ်းခြင်း ကဏ္ဍများ တွင် ပါဝင်လုပ်ကိုင်နေ ကြ ရတဲ့ ပြည်သူ့ဝန်ထမ်း တွေ မိမိ တို့ ၏ တာဝန်ဝတ္တရားနဲ့ သက်ဆိုင် နေ တဲ့ ဥပဒေ၊ စည်းမျဥ်းတွေကို ကိုယ်တိုင် သိရှိနားလည် ပြီး အဆိုပါဥပဒေနဲ့ စည်းမျဥ်းတွေကို အများပြည်သူသိရှိ နားလည် အောင် လည်း သေသေချာချာ၊ ရှင်းရှင်းလင်းလင်း ပြောပြနိုင်ပြီး အဆိုပါ ဥပဒေနဲ့ စည်းမျဥ်းတွေကို တသမတ်တည်း အကောင် အထည်ဖော် ကျင့်သုံးနိုင်အောင်လို့ ၎င်းတို့ရဲ့ အသိပညာနဲ့ လုပ်ဆောင်နိုင်စွမ်းကို မြှင့်တင်ခြင်း၊

ဒေါ်အောင်ဆန်းစုကြည်ပြောခဲ့သလိုပါပဲ၊ တရားဥပဒေစိုးမိုးမှုနဲ့ အစပြုလို့ မှန်ကန်တဲ့ ပြဌာန်းမှုတွေ ပြုလုပ်သွားမယ်ဆိုရင် မြန်မာနိုင်ငံဟာ အလျင်အမြန်ဖွံ့ဖြိုးတိုးတက်လာပါလိမ့်မယ်။ဒါပေမယ့် စည်းကမ်း ထိန်းသိမ်းရေးမူဘောင် အတွင်းမှာ တရားဥပဒေစိုးမိုးရေး ရဲ့ သဘောတရားတွေ ဖြစ်တဲ့ ဥပဒေများ ရှေ့ နောက် ညီညွတ်စွာ ဖွဲ့စည်းထားမှု၊ ဥပဒေများ ရှင်းလင်းတိကျမှု၊ ဥပဒေများ ကို ရှာဖွေ ရန် လွယ်ကူမှု ရှိရမယ်ဆိုတဲ့ အယူအဆ တွေ ကို မထည့်သွင်းထားဘူး၊ ထို့အပြင် ပြည်သူတွေ ကို ပံ့ပိုးပေးတဲ့ ဝန်ဆောင်မှု ကဏ္ဍတွေမှာ ပါဝင်လုပ်ကိုင်နေကြရတဲ့ လူတွေ ကိုယ်တိုင်လည်း အဲဒီအယူအဆ တွေ၊ ဥပဒေတွေ ကို မနားလည်ကြဘူး ၊ တိတိကျကျလည်း မသုံးကြ ဘူး ဆိုရင် မြန်မာနိုင်ငံဟာ ဆက်လက်ပြီးတော့ တိုးတက်မှု နှေးကွေးနေမှာ ဖြစ်ပြီးတော့ ကျွန်တော်တို့ နိုင်ငံသားတွေကလည်း ဆက်လက်ဆင်းရဲမြဲ ဆင်းရဲနေဦးမှာ ပါ။

 
 

Recent Posts

See All
Working effectively with lawyers

Navigating complex legal landscapes and structuring and documenting important legal relationships can be daunting. Working with a skilled...

 
 
SUBSCRIBE TO OUR MAILING LIST

Thanks for subscribing to our newsletters!

LINKS

Home

About Us

Our Services

People

Testimonials

Blog

Contact Us

CONTACT

No. (A-011) Padonmar 7th Street
Shwe Kyar Pin Quarter
Zabuthiri Township, Naypyitaw, Myanmar

P: +95 (0) 988 0405 006
E: contact@missionlegalmm.com

Copyright 2024 Mission Legal | All Rights Reserved |

bottom of page