လျော်ကြေးငွေဆိုင်ရာ သတ်မှတ်ချက် အခွင့်အရေး ရရှိနိုင်ရန်အတွက် ထိပ်တန်း အကြံပြုချက် ၅ ခု
- contact123185
- Jan 15, 2023
- 2 min read
Updated: May 22, 2024
လျော်ကြေးငွေဆိုင်ရာသတ်မှတ်ချက်ဆိုတာဘာလဲ။
လျော်ကြေးငွေဆိုင်ရာသတ်မှတ်ချက်သည် လူပုဂ္ဂိုလ်တစ်ဦး (လျော်ကြေးပေးရမည့်သူ) က အခြားသူ (လျော်ကြေးရမည့်သူ) ၏ အချို့သော ဆုံးရှုံးမှု သို့မဟုတ် နစ်နာမှုများအတွက် တာဝန် ရှိစေပြီး အကာအကွယ်ရစေရန် ပြုလုပ်ထားသော ကတိတစ်ခုဖြစ်သည်။ လျော်ကြေးငွေရမည့်သူများသည် လျော်ကြေးငွေဆိုင်ရာသတ်မှတ်ချက်များကို သက်ဆိုင်ရာ ဆုံးရှုံးမှု သို့မဟုတ် နစ်နာမှုများကို ခံနိုင်ရည်ရှိစေရန် တရားမျှတမှုမရှိသော အခြေအနေများတွင် အသုံးပြုသင့်သည်။ ဥပမာအားဖြင့်၊ သက်ဆိုင်ရာ စာချုပ်အရ လုပ်ဆောင်ချက်များနှင့် ပတ်သက်၍ ပြင်ပအဖွဲ့အစည်း (Third-party) မှ တောင်းဆိုမှုများကြောင့် သို့မဟုတ် လျော်ကြေးပေးရမည့် သူသည် သက်ဆိုင်ရာစာချုပ်ကို ဖောက်ဖျက်ခြင်းကြောင့် ဆုံးရှုံးခြင်း သို့မဟုတ် နစ်နာမှုများအတွက် လျော်ကြေးငွေဆိုင်ရာ သတ်မှတ်ချက်များကို အသုံးပြုနိုင်သည်၊
လျော်ကြေးငွေဆိုင်ရာသတ်မှတ်ချက်များ အဘယ်ကြောင့် မကြာခဏ ပြဿနာတက်သလဲ?
လျော်ကြေးငွေဆိုင်ရာသတ်မှတ်ချက်သည် လျော်ကြေးရမည့်သူအတွက် ဆုံးရှုံးနစ်နာမှု နှင့် တာဝန် များကို လျော်ကြေးပေးရမည့်သူသို့ လွှဲပြောင်းခြင်းဖြင့်၊ ဆုံးရှုံးနစ်နာမှုစီမံခန့်ခွဲရေး ကိရိယာတစ်ခု အနေဖြင့် လုပ်ဆောင်ပေးသည်၊၊ ၎င်းသည် အဆိုပြုထားသော လျော်ကြေးငွေ၏ သက်ရောက်မှု နယ်ပယ်အပေါ် ကွဲပြားသော အမြင်များကို ဖြစ်ပေါ်စေနိုင်သည်။ အထူးသဖြင့်၊ လျော်ကြေးရမည့် သူသည် လျော်ကြေးပေးရမည့်သူအပေါ် ကျိုးကြောင်းဆီလျော်မှုမရှိသော ဆုံးရှုုံးနစ်နာနိုင်ခြေ ပမာဏကို ၎င်းတွင်တာဝန်ရှိသည့်အတိုင်းအတာ သို့မဟုတ် တာဝန်ရှိသည့် ဆုံးရှုံးမှုနှင့် နစ်နာမှု အတိုင်းအတာကို အလွန်များပြားအောင် ပြုလုပ်ခြင်းဖြစ်သည်။ လျော်ကြေးပေးရမည့်သူသည် သက်ဆိုင်ရာဖြစ်ရပ်များ၏ အခြေအနေများပေါ်တွင်မူတည်ကာ ဆုံးရှုံးမှုများအတွက် တာဝန်ယူမှုနှင့် တာဝန်ခံမှုကို ဦးစားပေးရမည်ဖြစ်ပြီး လိုအပ်ပါက လျော်ကြေးငွေဆိုင်ရာသတ်မှတ်ချက်တစ်ခုဖြင့် သတ်မှတ်ရမည့်အစား တရားရုံး သို့မဟုတ် ခုံရုံးက ဆုံးဖြတ်ရန် လိုအပ်သည်။
လျော်ကြေးငွေဆိုင်ရာသတ်မှတ်ချက်အကြံပြုချက်များ
အောက်ဖော်ပြပါအချက်များသည် အဆိုပြုထားသည့် လျော်ကြေးငွေဆိုင်ရာသတ်မှတ်ချက် အသုံး ပြုမှုကို ကူညီအကဲဖြတ်နိုင်ရန်ရည်ရွယ်၍ စာချုပ်ချုပ်ဆိုထားသူအဖွဲ့ဝင်များနှင့် ၎င်းတို့၏ ဥပဒေ အကြံပေးများက အကြံပြုထားသောမေးခွန်းအချို့ဖြစ်ပြီး၊ လျော်ကြေးငွေဆိုင်ရာ သတ်မှတ်ချက် ဆွေးနွေးမှုများတွင် ၎င်းတို့၏စေ့စပ်ညှိနှိုင်းမှုများကို ညှိနှိုင်းမဖြေရှင်းနိုင်ခြင်းများ မဖြစ်စေရန် ပြုလုပ်ထားကြသည်။
၁။ လျော်ကြေးငွေဆိုင်ရာသတ်မှတ်ချက်အမှန်တကယ်လိုအပ်ပါသလား?
လျော်ကြေးငွေဆိုင်ရာသတ်မှတ်ချက်သည် ထုံးစံတစ်ခုဖြစ်နေရုံမျှဖြင့် လျော်ကြေးငွေ အမှန်တကယ် လိုအပ်သည်ဟု သို့မဟုတ် လက်ဝယ်အရောင်းအဝယ် ကိစ္စရပ်များတွင် ဆုံးရှုံးနစ်နာမှု ခွဲဝေခြင်းများ အတွက် သင့်လျော်သော နည်းလမ်းဖြစ်သည်ဟု မဆိုလိုပါ။ ဤမေးခွန်းများကို သုံးသပ်ကြည့်ပါ-
(က) ဆုံးရှုံးနစ်နာမှုများကို သင့်လျော်သော ခွဲခြမ်းစိတ်ဖြာမှု ပြုလုပ်ပြီးပြီလား?
(ခ) အဖွဲ့ဝင်များသည် မည်သို့သော ဆုံးရှုံးနိုင်ခြေများ သို့မဟုတ် ဆုံးရှုံးနစ်နာမှုများ ကြုံတွေ့ ရနိုင်သလဲ?
(ဂ) သတ်မှတ်ထားသော နစ်နာဆုံးရှုံးမှုတစ်ခုစီကို မည်သည့်အဖွဲ့ဝင်က တာဝန်ယူသင့်သလဲ?
(ဃ) သတ်မှတ်ထားသော နစ်နာဆုံးရှုံးမှုတစ်ခုစီနှင့် ၊ စာချုပ်ဖောက်ဖျက်မှုအတွက် ကုစားမှုများက လုံလောက်မှုရှိပါသလား?
ဤမေးခွန်းများအတွက် အဖြေသည် လျော်ကြေးငွေလိုအပ်နိုင်သည် သို့မဟုတ် သင့်လျော်မည်လား (အကယ်၍) ဆိုသည်ကိုအတိအကျနားလည်ရန် ကူညီပေးပါမည်။
၂။ လျော်ကြေးငွေ ဘယ်လိုအမျိုးအစားများလဲ?
အချို့သော လျော်ကြေးငွေများသည် စာချုပ်ချုပ်ဆိုထားသည့်အဖွဲ့ဝင်များက သတ်မှတ်ရန် ပြုလုပ် ကြသည်(ဥပမာ၊ အာမခံဖောက်ဖျက်မှု)။ အခြားသူများကမူ ပြင်ပအဖွဲ့အစည်း (Third-party) မှ တောင်းဆိုမှုများ (ဥပမာ၊ ပြင်ပအဖွဲ့အစည်း(Third-party)၏ ဉာဏပစ္စည်းပိုင်ဆိုင်မှုကို ချိုးဖောက်မှု) မှ ကာကွယ်ရန် ရေးဆွဲကြသည်။ တစ်ခါတစ်ရံတွင် ဤသဘောတရားများကို စာပိုဒ်တစ်ခုတည်းတွင် ပေါင်းစပ်ထည့်သွင်းကြသည်။ သင့်သဘောတူညီချက်ပါ လျော်ကြေးသတ်မှတ်ချက်သည် အချက် အလက်များနှင့် ကိုက်ညီကြောင်း သေချာအောင်လုပ်သင့်သည်။ ထုံးစံတစ်ခုဖြစ်ရုံမျှဖြင့် သင့် လိုအပ်ချက်များကို ဖြည့်ဆည်းပေးမည်ဟု မယူဆပါနှင့်။
၃။ လျော်ကြေးငွေသတ်မှတ်ချက်မှ ဘယ်အရာကိုဖယ်ထုတ်သင့်သလဲ?
လျောကြေးငွေဆိုင်ရာသတ်မှတ်ချက်တွင် ပုံမှန်အားဖြင့် တိုက်ရိုက်မဟုတ်သော၊ နမူနာပြ နစ်နာမှုများ နှင့် ပြစ်ဒဏ်ကဲ့သို့သော နောက်ဆက်တွဲဆုံးရှုံးမှုများ ကို ဖယ်ထုတ်ကြသည်။ “တိုက်ရိုက် မဟုတ်သော နှင့် အကျိုးဆက်များ” ၏ အဓိပ္ပာယ်ကို အနီးစပ်ဆုံးဖော်ပြရမည်ဆိုလျှင်၊ ပုံမှန်အားဖြင့် လျော်ကြေးငွေသတ်မှတ်ချက်ကျယ်ပြန့်စေသော ဆုံးရှုံးနစ်နာမှု သီးခြားအမျိုးအစားများ (သို့မဟုတ် ခေါင်းစဉ်များ) အကယ်၍ပါဝင်ခဲ့လျှင်ဖယ်ထုတ်ခြင်းဖြစ်သည်။ အများအားဖြင့် ဖယ်ထုတ်ထားသော ဆုံးရှုံးမှုခေါင်းစဉ်များမှာ- ၀င်ငွေနှင့် အမြတ်များ ဆုံးရှုံးခြင်း၊ စီးပွားရေးအခွင့်အလမ်းဆုံးရှုံးခြင်း၊ ကောင်းဂုဏ်သတင်းဆုံးရှုံးခြင်း၊ ဒေတာဆုံးရှုံးခြင်း များဖြစ်သည်။
၄။ လျော်ကြေးငွေကို ကန့်သတ်သင့်ပါသလား?
အကန့်အသတ်မရှိလျော်ကြေးပေးခြင်းသည် အခြေအနေများတွင် စီးပွားရေးအရ ကျိုးကြောင်း ဆီလျော်မှုကို ကျော်လွန်၍ နစ်နာဆုံးရှုံးနိုင်ခြေ သို့မဟုတ် ဆုံးရှုံးမှုကို ဖြစ်စေနိုင်သည်။ လျော်ကြေးငွေကို ကန့်သတ်ရန် ပုံမှန်နည်းလမ်းများမှာ-
(က) ၎င်း၏ လျှောက်ထားမှုကို ဆုံးရှုံးခြင်း သို့မဟုတ် ပျက်စီးမှုအမျိုးအစား တစ်ခုခုတွင် ကန့်သတ်ခြင်း – ဥပမာ၊ အပိုဒ် x ပါ အာမခံချက်ကို ချိုးဖောက်ခြင်း။
(ခ) လျော်ကြေးငွေကို အများဆုံးငွေကြေးပမာဏသတ်မှတ်ခြင်းဖြစ်သည်။ ၎င်းသည် သဘော တူထားသော ပမာဏဖြစ်နိုင်သည် (ဥပမာ၊ ဒေါ်လာ ၁ သန်း) သို့မဟုတ် စာချုပ်တန်ဖိုး၏ အဆတစ်ခုခု (ဥပမာ၊ ပေးဆောင်သည့် အခကြေးငွေ၏ ၃ ဆ) ဖြစ်နိုင်သည်။
ဤနည်းအားဖြင့်၊ အဖွဲ့ဝင်တစ်ဦး၏တာဝန်ဝတ္တရားအတိုင်းအတာနှင့် ပမာဏကို သိရှိနိုင်သည် – ဘုတ်အဖွဲ့လက်မှတ်ထိုးခြင်း သို့မဟုတ် အာမခံအကာအကွယ်များအတွက် ကူညီပေးနိုင်သည်။
၅။ လမ်းကြောင်းပေါ်မှပြဿနာများကိုရှောင်ရှားရန်အကြံပြုချက်များ
လျော်ကြေးငွေဆိုင်ရာသတ်မှတ်ချက်သည် မရေရာသော သို့မဟုတ် မသေချာပါက၊ ၎င်းသည် ဥပဒေသက်ရောက်မှုမရှိ၍လျော်ကြေးငွေပေးသူကို အသာရစေသည့်အတွက် နှင့် / သို့မဟုတ် ၎င်းကိုသက်ရောက်မှုရှိစေရန် တရားစွဲဆိုခြင်း အခတ်အခဲများကို ဖြစ်ပေါ်စေနိုင်ပါသည်။ ဤအန္တရာယ်ကို လျှော့ချရန်-
(က) ပြတ်သားတိကျမှုရှိပါစေ။ လျော်ကြေးငွေကို ထည့်သွင်းရေးဆွဲရန် မကြောက်ပါနှင့် ဘာသာစကားရိုးရိုးရှင်းရှင်းဖြင့် လိုအပ်သည်များကို အတိအကျပြောပါ။ ဥပမာအားဖြင့်၊ သင်သည် ပြင်ပအဖွဲ့အစည်း (Third-party) ၏ တောင်းဆိုမှုများကိုပေးရန် လျော်ကြေးငွေကို ရည်ရွယ် ထားပါက၊ “ပြင်ပအဖွဲ့အစည်း (Third-party) ၏ တောင်းဆိုမှုများ” ဟူသော စကားလုံးများကို ပြတ်ပြတ်သားသား ဖော်ပြအသုံးပြုပါ။ သံသယရှိလျှင် စာလုံးပေါင်းဖြင့်ဖော်ပြပါ။
(ခ) “စာချုပ်ချုပ်ဆိုသူနှစ်ဖက်စလုံးသဘောတူညီကြသည်” ကိုသေချာပါစေ။ လျော်ကြေးငွေသည် စိတ်ခံစားမှုများဖြစ်စေနိုင်သောကြောင့်၊ တစ်ဖက်ကအာရုံစိုက်မှုမရှိဘဲ ရင်းနှီးသော အသုံးအနှုန်း စာပိုဒ်ကို အသုံးပြုရန် သွေးဆောင်ပြောဆိုမှုများ ဖြစ်ပေါ်နိုင်သည်။ ဒါကို ရှောင်ကြဉ်သင့်ပါတယ်။ ရည်ရွယ်ချက်မှန်မှန်ဖြင့် ရေးဆွဲညှိနှိုင်းထားသော လျော်ကြေးငွေသတ်မှတ်ချက်သည် ထိရောက်မှု ရှိသည့် အခွင့်အလမ်းပိုများသည်။
မလိုအပ်သော သို့မဟုတ် ကျိုးကြောင်းဆီလျော်မှုမရှိသော လျော်ကြေးများ မဖြစ်ပါစေနှင့်။ တစ်ခါတစ်ရံတွင် ကျယ်ပြန့်ပြီး အကန့်အသတ်မရှိသော လျော်ကြေးငွေကို ရယူရန် ပိုမိုအားကောင်းအောင် ညှိနှိုင်းနိုင်သည့် အနေအထားရှိသည့်သူက သွေးဆောင်နှောင့်ယှက်မှုမျိုး ရှိနေနိုင်သည်။ သို့ရာတွင်၊ ရည်ရွယ်ချက်မှန်မှန်ဖြင့် စီးပွားရေးအရ ကျိုးကြောင်းဆီလျော်မှုရှိသောလျော်ကြေးပေးခြင်းသည် ခုခံပြောဆိုအငြင်းပွားမှုများဖြစ်နိုင် သည့်လမ်းကြောင်းဖြစ်ရန် အလားအလာ အလွန်နည်းပါးသွားစေသည်။ သင့်ဆုံးရှုံးနစ်နာနိုင်ခြေကို လုံလောက်စွာ အကာအကွယ်ဖြစ်စေရန် နှင့် တစ်ဖက်အဖွဲ့ဝင်က လက်ခံထားသည့် လျော်ကြေးငွေကို ရယူခြင်းသည် တစ်ဖက်အဖွဲ့ဝင်က ခုခံမှုများပြုလုပ်နိုင်သည့် မလိုအပ်သော ကျယ်ပြန့်များပြားသည့် လျော်ကြေးငွေကို ရယူရန် ကြိုးစားခြင်းထက် ပိုမိုကောင်းမွန်ပါသည်။