top of page
Search

“အကျိုးထိခိုက်နစ်နာခြင်းမဖြစ်စေရန်”ဆိုသော အထူးအခွင့်အရေး ဆိုတာဘာလဲ?

  • contact123185
  • Aug 22, 2022
  • 2 min read

Updated: May 24, 2024

အထူးအခွင့်အရေးတွေဆိုတာ ဥပဒေအရ ရရှိသောအခွင့်ရေးတွေဖြစ်ပြီး လူပုဂ္ဂိုလ်တွေကို စာရွက်စာတမ်းများနှင့် သတင်းအချက်အလက်များကို အတင်းအကြပ် ထုတ်ဖော်ပြသခိုင်းခြင်းမှ ကင်းလွတ်စေခြင်း ဖြစ်သည်။ အထူးအခွင့်အရေးတွေက အချို့သော အထူးဆက်ဆံရေးများတွင် လျှို့ဝှက်ချက်များကို ကာကွယ်ပေးသည်၊ သို့မဟုတ် တရားရေးစနစ်၏ ထိရောက်သော စီမံခန့်ခွဲရေး နှင့် အငြင်းပွားမှုများကိုဖြေရှင်းပေးသော လုပ်ငန်းစဉ်များကို မြှင့်တင်ရန်အတွက် ပြုလုပ်ထားခြင်းဖြစ်သည်။ အထူးအခွင့်အရေးရရှိရန်အတွက် သက်ဆိုင်ရာ စာရွက်စာတမ်းများနှင့် သတင်းအချက်အလက်များသည် လျှို့ဝှက်ချက်ဖြစ်ရမည်။ သို့သော် လျှို့ဝှက်ချက်ဖြစ်ရုံနှင့်တော့ အထူးအခွင့်အရေးကို ရရှိရန် လုံလောက်မည် မဟုတ်ပါ။ လျှောက်ထားခွင့်အတွက် သက်ဆိုင်ရာအထူးအခွင့်ရေးအမျိုးအစား၏ လိုအပ်ချက်များနှင့် ကိုက်ညီရမည်ဖြစ်သည်။

“အကျိုးထိခိုက်နစ်နာခြင်းမဖြစ်စေရန်” ဟူသည် တရားစွဲဆိုခြင်းနှင့် အငြင်းပွားမှုဖြေရှင်းရေးတို့ အတွက် အကိုက်ညီဆုံးသော အထူးအခွင့်အရေး အမျိုးအစားတစ်ခုဖြစ်သည်။ ထိုအသုံးအနှုန်းကို မကြာခဏလွဲမှားစွာသုံးစွဲကြပြီး ရှင်းရှင်းလင်းလင်း နားမလည်ကြပါ။ ဤဆောင်းပါးတွင် အကျိုးထိခိုက်နစ်နာခြင်း မဖြစ်စေခြင်း ဟူသော အထူးအခွင့်အရေးကို ဘယ်အချိန်တွင် လျှောက်ထားနိုင်သည် နှင့် ဘယ်လိုအကာအကွယ်တွေပေးသည် ဟူသောအကြောင်းအရာများကို အကျဉ်းချုပ် ဖော်ပြထားပါသည်။


အကျိုးထိခိုက်နစ်နာခြင်းမဖြစ်စေရန်

အကျိုးထိခိုက်နစ်နာခြင်းမဖြစ်စေရန် ဆိုသော အထူးအခွင့်အရေးသည် လက်ရှိဖြစ်ပွားသော အငြင်းပွားမှုတွင် စစ်မှန်သော ကြိုးပမ်းမှုဖြင့် ပြုလုပ်ထားသော စာဖြင့်ရေးသားသော သို့မဟုတ် နှုတ်ဖြင့်ပြုလုပ်သောဖော်ပြချက်ကို ၎င်းတို့ကိုပြုလုပ်ထားသည့် အမှုသည်၏ အကျိုးကို ဆန့်ကျင်သည့် သက်သေ အထောက်အထားအဖြစ် တရားရုံးသို့ ဖော်ထုတ်ခြင်း မပြုရန် ကာကွယ်တားမြစ်ပေးသည်။ ထိုအရာသည် အမှုသည်များကို ယေဘူယျအားဖြင့် ဖြစ်ပေါ်စေတက်သည့် တရားမ တရားစွဲဆိုမှု သို့မဟုတ် အမှုသည်များကို တရားစွဲဆိုမှုများ ဖြစ်ပေါ်စေနိုင်သည့် အငြင်းပွားမှုကို နောက်ဆုံးတွင် တရားစွဲဆိုမှုကို မဖြစ်ပေါ်စေဘဲ သူတို့ကိုယ်တိုင် ညှိုနှိုင်းဖြေရှင်းမှုဖြစ်စေခြင်းဖြင့် ၎င်းသည် တရားရုံးစနစ် စီမံအုပ်ချုပ်မှု ဝန်ထုတ်ဝန်ပိုးကို လျော့ကျအောင်ပြုလုပ်ပေးသည်။ သို့ရာတွင် အကယ်၍ ညှိုနှိုင်းဆွေးနွေးမှုများကို ပြေလည်အောင် ဖြေရှင်းနိုင်သည့် အကြောင်းအရာများကို တရားရုံးသို့တင်ပြနိုင်လျှင်၊ အမှုသည်များသည် ပြေလည်အောင် ဖြေရှင်းနိုင်ရန် လိုက်လျော အလျှော့ပေးမှုများ ပြုလုပ်နိုင်ခြေ နည်းပါးနိုင်သည်။ တဖက်အမှုသည်က ကမ်းလှမ်းအလျှော့ပေးမှုကို ဝန်ခံချက်အဖြစ် ပြုလုပ်ပြီး ထိုကမ်းလှမ်းအလျှော့ပေးမှုပြုလုပ်သည့် အမှုသည်ကိုဆန့်ကျင်၍ ထိုကမ်းလှမ်းချက်ကို တရားစွဲဆိုမှုတွင် ထည့်သွင်းအသုံးပြုမည်ကို အမှုသည်တို့က ကြောက်ရွံ့ကြသည်။ အကယ်၍ သူတို့သည် ဖြေရှင်းမှုကိုသဘောတူရန် ရွေးချယ်ကြလျှင် အကျိုးထိခိုက်မှုမဖြစ်စေရန်ဆိုသော အထူးအခွင့်အရေးက စစ်မှန်သော ညှိုနှိုင်းဖြေရှင်းချက်များကို ထုတ်ဖော်ပြသခြင်းမှ ကာကွယ်ပေးပြီး၊ အမှုသည်များကို အငြင်းပွားမှုများတွင် လွတ်လပ်စွာနှင့် ပွင့်လင်းစွာ ညှိုနှိုင်းစေရန် တိုက်တွန်း အားပေးပါသည်။


အကျိုးထိခိုက်မှုမဖြစ်စေရန်ဆိုသော အထူးအခွင့်အရေးက ဘယ်အချိန်တွင် သက်ရောက်သလဲ။

အကျိုးထိခိုက်မှုမဖြစ်စေရန် ဆိုသော အထူးအခွင့်အရေးသည် စစ်မှန်သော ညှိုနှိုင်းဖြေရှင်းမှု အခြေအနေတွင် ပြုလုပ်သော ဆက်သွယ်မှုများ (စာဖြင့်ဖြစ်စေ၊ နှုတ်ဖြင့်ဖြစ်စေ) တွင်သာ သက်ဆိုင်မည်ဖြစ်သည်။ အကယ်၍ စာရွက်စာတမ်း၏အကြောင်းအရာသည် ညှိုနှိုင်းဖြေရှင်းမှုတွင် ပါဝင်ပတ်သက်ခြင်း မရှိပါက စာရွက်စာတမ်းကို “အကျိုးထိခိုက်မှုမဖြစ်စေရန်” ဟုတံဆိပ်တပ်ရုံဖြင့် အထူးအခွင့်အရေးကို ရရှိမည်မဟုတ်ပါ။ အထူးအခွင့်အရေးအဖြစ် သက်ရောက်စေမှုသည် အခြားသောအခြေအနေ အရပ်ရပ်ကို ကြည့်ရှုဆုံးဖြတ်ရမည်ဖြစ်သည်။ ထို့အပြင် အကျိုးထိခိုက်မှု မဖြစ်စေရန် ဆိုသော အထူးအခွင့်အရေးသည် စစ်မှန်သောဖြေရှင်းညှိုနှိုင်းမှုအတွက် ပြုလုပ်သည့် ဆက်သွယ်ဆောင်ရွက်မှုများမှလွှဲ၍ တခြားသောဆက်သွယ်မှုများအတွက် သက်ဆိုင်ခြင်း သို့မဟုတ် အကျုံးဝင်ခြင်း မရှိပါ။ “အကျိုးထိခိုက်မှုမဖြစ်စေရန်” ဆိုသောတံဆိပ်တပ်ထားသည့် စာရွက်စာတမ်းသည် ညှိုနှိုင်းဖြေရှင်းချက် ဆက်သွယ်ဆောင်ရွက်မှုတွင် ပါဝင်ပတ်သက်နေခြင်းမရှိပါက ဥပဒေအရ အကျိုးသက်ရောက်မှုရှိမည်မဟုတ်ပါ။

အကယ်၍ စစ်မှန်သောညှိုနှိုင်းဖြေရှင်းမှုအတွက် ရည်ညွှန်းထားသော ဆက်သွယ် ဆောင်ရွက်မှုတွင် ပါဝင်ပတ်သက်နေလျှင် “အကျိုးထိခိုက်မှုမဖြစ်စေရန်” ဆိုသောတံဆိပ်သီးခြား မကပ်ထားသော်လည်း အကျိုးထိခိုက်မှု မဖြစ်စေရန်ဆိုသော အထူးအခွင့်အရေး၏ ကာကွယ်မှုကိုရရှိနေ မည်ဖြစ်သည်။ သို့သော်လည်း သက်ဆိုင်သော စာပေးစာယူ သို့မဟုတ် ဆက်သွယ်မှုများကို “အကျိုးထိခိုက်မှုမဖြစ်စေရန်” ဆိုသော တံဆိပ်ကပ်ရန် သို့မဟုတ် ဖော်ပြရန် အကြံပြုလိုပါသည်။


“အကျိုးထိခိုက်မှုမဖြစ်စေဘဲ ကုန်ကျစရိတ် ကိုသက်သာစေသည်”

တရားမတရားစွဲဆိုမှု လုပ်ဆောင်ကြသည့်အခါ၊ တရားရုံးများက တရားစွဲဆိုရာတွင် အမှုရှုံးသွားသောအမှုသည်က အနိုင်ရသွားသည့်အမှုသည်၏ တရားဝင်ကုန်ကျစရိတ်များ၏ သိသာ ထင်ရှားသော အစိတ်အပိုင်းအချို့ကို ပေးဆောင်စေသည်။ ညှိုနှိုင်းဖြေရှင်းရန် ဆက်သွယ်ဆောင်ရွက်မှု များသည် “အကျိုးထိခိုက်မှုမဖြစ်စေဘဲ ကုန်ကျစရိတ်ကိုသက်သာစေသည်” ဟု မကြာခဏပြောဆို သတ်မှတ်ကြသည်။ ဒီအကြောင်းအရာမှာ “save as” ဟူသောစကားရပ်သည် ရှေးခေတ် အင်္ဂလိပ်စကားအသုံး ဖြစ်ပြီး “ဆက်စပ်မှုမှလွဲ၍” ဟုအဓိပ္ပါယ်သက်ရောက်သည်။ အကျိုးထိခိုက်မှုမဖြစ်စေရန်ဟူသော အထူးအခွင့်အရေးသည် “ကုန်ကျစရိတ်သက်သာစေသည်” ဟူသည့် အရည်အချင်းနှင့်ပြည့်စုံလာသောအခါ၊ ထိုအရည်အချင်းကိုပြုလုပ်သည့်အမှုသည်သည် အကယ်၍ တရားရုံးကချမှတ်သော ကုန်ကျစရိတ်နှင့်သက်ဆိုင်လာပါက ညှိုနှိုင်းဖြေရှင်းချက်များ ထုတ်ဖော်ပြသခွင့် ကို သီးခြားသီးသန့်ရရှိမည်ဖြစ်သည်။ ဥပမာဆိုရလျှင်၊ အမှုသည် A သည် အမှုသည် B ကို ဖြေရှင်းချက် ကမ်းလှမ်းသည်ကို အမှုသည် B က ငြင်းဆို၍၊ တရားစွဲဆိုမှုများဖြစ်လာသောအခါ အမှုသည် B အနိုင်ရသွားပြီး၊ တရားရုံးမှချမှတ်သည့်ပမာဏသည် အမှုသည် A မှကမ်းလှမ်းသည့် ပမာဏထက် နည်းနေပါသည်။ ဤကဲ့သို့အခြေအနေမျိုးတွင်၊ အကယ်၍ အမှုသည် A သည် အမှုသည် B သို့ ကမ်းလှမ်းခဲ့သော ဖြေရှင်းချက်ကမ်းလှမ်းမှုကို လက်ခံခဲ့လျှင် ပိုမိုကောင်းမွန်သော ရလဒ်ကိုရမည် ဖြစ်ကြောင်းကို အမှုသည် A က တရားရုံးသို့သတင်းပေးပို့အကြောင်းကြားနိုင်ပြီး၊ ကုန်ကျစရိတ်များသည် (တရားစွဲဆိုမှုတွင် အနိုင်ရရှိထားသော်လည်း) အမှုသည် B အပေါ်သို့သာ ချမှတ်သင့်သည်ဟု တောင်းဆိုနိုင်သည်၊ အဘယ်ကြောင့်ဆိုသော် အမှုသည် A ၏ ကမ်းလှမ်းမှုကို လက်ခံ သင့်သည့်အစား တရားရုံးနှင့် အမှုသည် A တို့၏ အချိန်ကို တရားစွဲဆိုခြင်းများပြုလုပ်ပြီး ထိထိရောက်ရောက် အချိန်ဖြုန်းစေခဲ့သောကြောင့်ဖြစ်သည်။

 
 

Recent Posts

See All
Working effectively with lawyers

Navigating complex legal landscapes and structuring and documenting important legal relationships can be daunting. Working with a skilled...

 
 
SUBSCRIBE TO OUR MAILING LIST

Thanks for subscribing to our newsletters!

LINKS

Home

About Us

Our Services

People

Testimonials

Blog

Contact Us

CONTACT

No. (A-011) Padonmar 7th Street
Shwe Kyar Pin Quarter
Zabuthiri Township, Naypyitaw, Myanmar

P: +95 (0) 988 0405 006
E: contact@missionlegalmm.com

Copyright 2024 Mission Legal | All Rights Reserved |

bottom of page